ပုတက်ကာတွန်းအကြောင်း

ပုတက်ကာတွန်းအကြောင်း

ပုတက်ကာတွန်းကို ၂၀၀၆ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့တွင် အပတ်စဉ်ကာတွန်းဂျာနယ်အဖြစ် စတင်တည်ထောင်ခဲ့ပါသည်။ မြန်မာကာတွန်းများကို တမူ ထူးခြားစွာ ဆေးရောင်ခြယ်ပြီး ထုတ်ဝေခဲ့ပါသည်။ ၂၀၁၂ ခုနှစ်တွင်https://putetcomics.com.mm အမည်ဖြင့် အခပေး wetsite ကို တည်ထောင်ခဲ့ပါသည်။ ထိုနှစ်တွင်ပဲ PutetComics Application ဗားရှင်း ၁.၀ ကို စတင်ဖြန့်ချိ ခဲ့ပါသည်။  ထိုစဉ်က အခပေးဖတ်ရှုသူ ၁၀၀ ကျော်သာ ရှိသည့် အတွက် အောင်မြင်သည့် အတိုင်းအတာကို ရောက်ရှိသည်ဟု မဆိုနိုင်ခဲ့ပါ။ ၂၀၁၃ ခုနှစ် အောက်တိုဘာလ (၇) ရက်နေ့တွင် Putet Comics Application ဗားရှင်း ၂.၀ ကို  ACK&Co Services Company Limited မှထုတ်လုပ်ဖြန့်ချိခဲ့ပါသည်။ ၂၀၁၄ ခုနှစ်တွင် Putet World အမည်ဖြင့် ဗားရှင်းအသစ် ထပ်မံထွက်ရှိခဲ့ပြီး Silicon Straits Saigon မှ တာဝန်ယူရေးဆွဲခဲ့ပါသည်။ များမကြာမီတွင် ဗားရှင်း ၃.၀ ထပ်မံထွက်ရှိခဲ့ပြီး Revo Tech မှ ပြန်လည်ပြင်ဆင်ရေးဆွဲပေးခဲ့ပါသည်။ ပုတက်ကာတွန်းသည် တစ်ဖက်တွင် အပတ်စဉ်ဂျာနယ်နှင့် ကိုယ်ပိုင်ဖန်တီးထားသော ကာတွန်းများကို စဉ်ဆက်မပြတ်ထုတ်ဝေခဲ့ပြီး အခြားတစ်ဖက်တွင်လည်း PutetComics Application ကို အသုံးပြုသူများ ပိုမို အဆင်ပြေလာစေရန် တစ်ဆင့်ချင်း ပြုပြင်ပြောင်းလဲခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင် ဖုန်းအော်ပရေတာများမှတဆင့် ငွေပေးချေသော လစဉ်ကြေးစနစ်မှ ကြော်ငြာကြည့်၊ စိန်ပွင့်စုပြီး အခမဲ့ အသုံးပြုနိုင်သော  Application  အဖြစ် ထပ်မံပြောင်းလဲခဲ့ပါသည်။ ယခု ၂၀၂၀ ပြည့်နှစ်တွင် မိုဘိုင်းဘဏ်ပေးချေမှုစနစ်များ Mobile Banking Payment Methods ကို အသုံးပြုပြီး ဖုန်းအော်ပရေတာမလိုဘဲ ကိုယ်တိုင်တိုက်ရိုက် ငွေပေးချေနိုင်ရန် ပြင်ဆင်ခဲ့ပါသည်။ ယခု ထိုစနစ်ကို ပြောင်းလဲပြီးနောက် PutetComics Application ကို ထပ်မံ ထုတ်လွှင့်လိုက်ခြင်းဖြစ်ပါသည်။

ပုတက်ကာတွန်း ၏ ရည်ရွယ်ချက်များမှာ -

၁။ ကလေး၊ လူကြီးအားလုံး အချိန်၊ နေရာမရွေး အပျင်းပြေ ပျော်ရွှင်စေရန်၊ ဗဟုသုတ ရစေရန်၊ အလိမ္မာတိုးပွားစေရန်။

၂။ မြန်မာ့ ယဉ်ကျေးမှု တစ်စိတ်တစ်ပိုင်းဖြစ်သော မြန်မာ့ကာတွန်းများ ပြန်လည်ရှင်သန်စေရန်။

၃။ ပြည်တွင်း ပြည်ပရှိ မြန်မာကလေးငယ်များ အတွက် လိုက်လျောညီထွေဖြစ်သော ဖတ်စရာများ တင်ဆက်ခြင်းဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာစာအပေါ် စိတ်ဝင်စားမှု ရှိနေစေရန်။

၄။ ကာတွန်းဆရာကြီးများ၏ ရပ်တည်မှုကို အထောက်အကူပေးပြီး ပညာရှင်အသစ်များလည်း တိုးပွားလာစေရန်နှင့် လုပ်ငန်းရေရှည် တိုးတက်ရေးအတွက် ငွေကြေးအမြတ်အစွန်း ရရှိစေရန်တို့ဖြစ်ပါသည်။

PutetComics Application တွင် ထိပ်တန်းကာတွန်းဆရာကြီးများ၏ ဆေးရောင်စုံ ကာတွန်းများ၊ ပုတက်အပတ်စဉ် ကာတွန်းဂျာနယ်နှင့် တတိုင်းမွှေး အပတ်စဉ် ကာတွန်းဂျာနယ်တို့မှ ကာတွန်းများကို ပုံမှန်တင်ဆက်ပေးမည်ဖြစ်ပါသည်။ ထို့အပြင် ကာတွန်းပိုးဇာ ရေးဆွဲထားသော မဟာဗုဒ္ဓဝင် ပထမပိုင်းနှင့် ဒုတိယပိုင်းကို လည်း ထည့်သွင်းပေးထားပြီး ပုတက်ကာတွန်းမှ ကိုယ်ပိုင် ရေးဆွဲထားသော ဗုဒ္ဓ ဇာတ်တော်များ၊ ကလေး၊လူကြီးများအတွက် သိမှတ်ဖွယ်ရာ ပညာပေးဇာတ်လမ်းများ၊  ပုံံပြင်များနှင့် အသံဖိုင်များစွာတို့ကို PutetComics Application တွင်စိတ်ဝင်စားဖွယ် တင်ဆက်ပေးသွားမည်ဖြစ်သည်။

အခြားထုတ်ကုန်များ

ပုတက်ကာတွန်းမှ တင်ဆက်ထားသော Putet English Application ထဲတွင်လည်း ကလေးသူငယ်များ အင်္ဂလိပ်ဘာသာစကားတွင် အကြားစွမ်းရည်တိုးတက်စေရန်နှင့် အသံထွက်မှန်ကန်စေရန်အတွက် သူငယ်တန်းမှ ဆယ်တန်းအထိ English Textbook များကို အမေရိကန်အသံထွက်ဖြင့် အသံသွင်းထားပါသည်။ Putet English App ကို Putet Website – https://putetcomics.com.mm တွင် အခမဲ့ ရယူနိုင်ပါသည်။

ကလေးငယ်များ အပျင်းပြေစေရန်နှင့် ပျော်ရွှင်စေရန် လူကြိုက်များသော ကာတွန်း ဇာတ်ကောင်များပါဝင်သည့် ရွှေဘုတ်ဝါးတီးနှင့် မသေးမျှင် မုန့်ဟင်းခါးရောင်းတမ်း ကစားသည့် Game များကိုလည်း ပုတက်ကာတွန်းမှ ရေးဆွဲ ထုတ်လုပ်ထားပါသည်။ App များကို Putet Website – https://putetcomics.com.mm တွင် အခမဲ့ ရယူနိုင်ပါသည်။

Waso Learn မှတင်ဆက်ထားသော Waso Learn Mobile Application တွင် အခြေခံပညာကျောင်း Grade(1)မှ Grade(11)အထိ တက်ရောက်နေသော ကျောင်းသား၊ကျောင်းသူများအတွက် သင်ခန်းစာများကို ဝါရင့်အတွေ့အကြုံရှိ ဆရာကြီး၊ ဆရာမကြီးများ သင်ကြားထားသော ဗီဒီယိုသင်ခန်းစာများကို လွယ်ကူစွာ လေ့လာနိုင်မည်ဖြစ်သည်။

ပုတက်အဖွဲ့သားများ

Managing Director

အောင်ချစ်ခင်

Senior Business Manager

အောင်ကျော်ဌေး

Content Manager

ဝေယံပိုင်ဇော်

Putet Logo

Blind Art

Putet Music ရေး၊ဆို၊တီး

လွှမ်းပိုင်