ပုတက်ကာတွန်းအသုံးပြုနည်း

PutetComics 2.0 အသုံးပြုပုံအဆင့်ဆင့်

(၁)၊ PutetComics 2.0 ကို Google Play Store ကနေ ဒေါင်းလုပ် ရယူပြီး Install လုပ်ပေးပါ။ Huawei ဖုန်းအသုံးပြုသူများအနေဖြင့် Huawei App Gallary မှရယူနိုင်ပါတယ်။ Google Play Store အသုံးပြုလို့မရတဲ့သူများအတွက် Putet Website မှ App ကိုရယူနိုင်ပါတယ်။

(၂)၊ ကာတွန်းဖတ်ရန်အတွက် ကိုယ်ရေးအကျဉ်းမှ အကောင့်ဝင်မည်ကို နှိပ်ပါ။

(၃)၊ အကောင့်မရှိသေးပါက ‘အသစ်ဖွင့်ရန်’ ကိုနှိပ်၍ အကောင့်အသစ်ဖွင့်ပါ။ အမည်၊ ဖုန်းနံပါတ်၊ မွေးနေ့၊ လျှို့ဝှက်ကုဒ်၊ လျှို့ဝှက်ကုဒ်ကိုထပ်မံအတည်ပြုပြီး အကောင့်အသစ်ဖွင့်ပါ။

(၄)၊ အခမဲ့အကောင့်ဖြင့် ဗုဒ္ဓဝင်ကိုဖတ်ရှုနိုင်မည်ဖြစ်ပြီး ကျန်ကာတွန်းများကို အမြည်းဖတ်ရှုခွင့်ပေးထားပါသည်။

(၅)၊ ကာတွန်းများအစအဆုံးဖတ်ရှုရန်အတွက် ကိုယ်ရေးအကျဉ်းမှ ‘ဝယ်ယူရန်’ ကိုနှိပ်ပြီး ပရီမီယံအကောင့်ကို ရယူနိုင်ပါသည်။

(၆)၊ ပရီမီယံအကောင့်ရယူရာတွင် တစ်နှစ်လုံးစာအတွက် ၅၉၀၀ ကျပ်သာ ကျသင့်မည်ဖြစ်ပြီး KBZ Pay , Wave Pay နှင့် အခြား Mobile Banking များဖြင့် ဘဏ်အကောင့်များသို့ တိုက်ရိုက်ပေးချေနိုင်ပါသည်။

(၇)၊ ငွေပေးချေပြီးနောက် ငွေသွင်းပြေစာကို Screenshot ရိုက်၍ဖြစ်စေ၊ ဓာတ်ပုံရိုက်၍ဖြစ်စေ ပုံတင်ရန်ကိုနှိပ်ပြီး ပေးပို့ပေးပါ။

(၈)၊ ပရီမီယံအကောင့်ကို ပုတက်အဖွဲ့သားများက (၂၄) အတွင်းအတည်ပြုပေးပါမယ်ခင်ဗျာ။ အကောင့်အတည်မဖြစ်သေးပါက fb messenger သို့ဖြစ်စေ၊ ၀၉ ၄၅၀၀၅၆၁၃၀ သို့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။