privacy policy

ကိုယ်ရေးအချက်အလက်ဆိုင်ရာ မူဝါဒ

Putet Comics Application ကို အသုံးပြုသည့်အတွက် ကျေးဇူးတင်ရှိပါသည် ။ ကလေး လူကြီးအားလုံး အချိန်မရွေး၊ နေရာမရွေး အပျင်းပြေပျော်ရွှင်စေရန်၊ ဗဟုသုတရရှိစေရန်၊ အသိပညာ အလိမ္မာတိုးပွားစေရန် ရည်ရွယ်ချက်များဖြင့် Putet Comics Application ကို ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။ Application ကို အသုံးပြုရာတွင် အဆင်ပြေ လွယ်ကူစေရန် အသုံးပြုသူ၏ အချက်အလက်ကို ရယူရာတွင် အသုံးပြုသူအပေါ်တွင် မူပိုင်ခွင့်ဥပဒေ၊ ကုန်သွယ်အမှတ်တံဆိပ်နှင့် အခြားသော မြန်မာနိုင်ငံ၏ ဥပဒေများနှင့်အညီ ကာကွယ်မှုများ ပြုလုပ်ထားပါသည်။

ကျွန်တော်တို့ Application ကို စတင်အသုံးပြုရန်အတွက် ရှေးဉီးစွာ အမည်နှင့် ဖုန်းနံပါတ်ကို ထည့်သွင်းကာ အကောင့်တစ်ခုဖွင့်ရပါသည်။ အကောင့်လုံခြုံရေးအတွက် password ကို သေချာမှတ်သားသိမ်းဆည်းထားသင့်ပါသည်။အကယ်၍ password မေ့ခြင်း၊ ဖွင့်မရခြင်းများဖြစ်ပါက Putet Comics ကို ဆက်သွယ်ပြီး အကူအညီတောင်းနိုင်ပါသည်။ အသုံးပြုသူ၏ အမည်နှင့်ဖုန်းနံပါတ်ကို ကိုယ်ရေးအကျဉ်းတွင် ဖော်ပြပေးထားမည်ဖြစ်ပါသည်။ Application မှ အလိုအလျောက်ရယူသော အသုံးပြုသူ၏ API နှင့် အချက်အလက်များကို Putet Comics Application ကို ပိုမိုအဆင်ပြေစွာ အသုံးပြုနိုင်ရေးအတွက်သာ ရယူထားခြင်းဖြစ်ပြီး အခြားမည်သည့်  လူတစ်ဉီးတစ်ယောက်၊ အဖွဲ့အစည်းကိုမှ ရောင်းချခြင်း၊ မျှဝေခြင်းများ ပြုလုပ်မည်မဟုတ်ပါ။ အသုံးပြုသူ၏ အချက်အလက်များကို Putet Comics ၏ ဈေးကွက်မြှင့်တင်ခြင်းများ၊ ဝန်ဆောင်မှုများအတွက် အသုံးပြုရန်သာ ရည်ရွယ်ပါသည်။